ရန်ကုန် တာမွေမှာ သောင်းကျန်းနေသော ငတက်ပြားအဖွဲ့မှာ လူငယ် (၈) ယောက်လောက် ရှိတယ်လို့ သိရပြီး ၁၂ နှစ်ကနေ လူငယ်အထိ အရွယ်စုံ ပါဝင်ကအဖွဲ့ခေါင်းဆောင် ရှိပြီး မနက် ၂ နာရီနဲ့ ၃ နာရီကြားလောက်မှာ အလုပ်လုပ်တယ်လို့ သိရပါသည်။ခန္ဓာကိုယ်တွေ သေးငယ်တာကြောင့် လူကြီးတွေ ဝင်လို့မရတဲ့ မလွယ်ပေါက်တွေကို ဝင်ရောက်ပြီး ခိုးယူနိုင်ကာ တာမွေမြို့နယ်မှာ နေထိုင်တဲ့သူတွေ အိမ်တံခါးတွေကို သေချာပိတ်ထားကြပါလို့ အသိပေးထားကြောင်း သိရပါသည်။



