လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်က မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင်မှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းရဲ့ဘဝက ပိုလွယ်ကူတယ်လို့ ပြောခဲ့ပါတယ်။ ဆာလက်က “ကျနော်သူ့ကို အလွန်လေးစားပါတယ်။ ဒါပေမယ့် သူဟာ တိုက်စစ်မှူးဖြစ်တဲ့အတွက် သူ့ရဲ့ဘဝက ပိုလွယ်ကူပါတယ်။ ကျနော်ကတော့ သူ့ကိုအကောင်းဆုံးဖြစ်ဖို့ပဲ ဆန္ဒပြုပါတယ်။ တောင်ပံကစားသမားတစ်ဦးရဲ့ အခြေအနေကခက်ခဲပြီး ဘယ်တောင်ပံကစားသမားဆို ဒီလိုပဲပြောမှာပါ။ ဒါက ကျနော်တို့ နှစ်ဦးကြားမှာ ကွာခြားနေတဲ့အရာပါ။ ဘာကြောင့်လဲဆိုရင် သူကတိုက်စစ်မှူးဖြစ်ပြီး ကျနော်ကတောင်ပံကစားသမားဖြစ်လို့ပါ”လို့ ပြောခဲ့တာပါ။



