ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မဲခွဲမှုတွေ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ မဲခွဲမှု ပြီးဆုံး သွားချိန်မှာ ပွဲကောင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ရှိချန်ပီယံ ရီးရံလ်အသင်းက မက်ဒရစ်မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ ထိပ်တိုက်ဆုံတွေ့နေပြီး လီဗာပူးအသင်းကတော့ ပီအကိစ်ဂျီအသင်းနဲ့ ဆုံတွေ့နေပါတယ်။ အာဆင်နယ်အသင်းက PSV အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဗီလာအသင်းကတော့ ဘရုဂျက်အသင်းနဲ့ဆုံတွေ့နေပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ လေဗာကူဆင်တို့ ထိပ်တိုက် တွေ့ဆုံခဲ့ကြသလို ဘာစီလိုနာကတော့ ဘင်ဖီကာ အသင်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။



