back

YBS ယာဉ်မောင်းဆုရှိသူများကို ကျပ်သိန်း (၇၀၀) ကျော်ချီးမြှင့်

Feb 22 • 1:48 PM

breaking-news

မြန်မာ

ရန်ကုန်

cover

YBS ယာဉ်မောင်းဆုရှိသူများကို ကျပ်သိန်း (၇၀၀) ကျော်ချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ၂၀၂၄ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆုများကို ကျပ်သိန်း (၇၀၀) ကျော်ချီးမြှင့်ခဲ့သည်။ဆုချီ...


ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ၂၀၂၄ ခုနှစ်အတွက် YBS စံပြယာဉ်မောင်းဆုများကို ကျပ်သိန်း (၇၀၀) ကျော်ချီးမြှင့်ခဲ့သည်။ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ (၂၁) ရက်၊ နံနက်ပိုင်းက YRTC ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကာ ၂၀၂၄ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုရရှိသူတစ်ဦးကို (၆) သိန်းကျပ်နှုန်းဖြင့် ယာဉ်မောင်း (၄၈)ဦး၊ တာဝန်သိယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်(၃)သိန်းနှုန်းဖြင့် ယာဉ်မောင်း (၁၄၈)ဦး၊ လူမှုကွန်ရက်မှ ပြည်သူများက ရွေးချယ်ပေးသည့် ဝန်ဆောင်မှုကောင်း ယာဉ်မောင်းဆုရရှိသူတစ်ဦးကို ကျပ်(၃)သိန်းနှု န်းဖြင့် ယာဉ်မောင်း(၄)ဦးတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


news-view-count-icon

21