တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက် တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မှာ တရားမဝင်လှောင်ထားတဲ့ ဒီဇယ်ဆီ ၉၆ ဂါလန် ဖမ်းဆီးရမိခဲ့ပြီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၈၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။ဖေဖော်ဝါရီ ၁၉ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၈ မှု ရှိပြီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၁၂,၈၄၇,၅၄၆) ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။



