ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် မြန်မာ- ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်ကရင်ပြည်နယ်၊ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများအတွင်းမှ ဖမ်းဆီးရမိထားသည့် နိုင်ငံခြားသားများအနက် တရုတ်နိုင်ငံသား (၁၁၁) ဦးကို သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းကလည်း အဆိုပါ မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများအတွင်းမှ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား (၂၀၀) ဦးကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်က တရုတ်နိုင်ငံသား (၃၀၀) ဦးကိုလည်းကောင်း ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သဖြင့် သုံးရက်အတွင်း တရုတ်နိုင်ငံသား (၆၁၁) ဦးတို့ကို လွှဲပြောင်းပေးအပ်ထားပါတယ်။



