back

နာမည်ကြီးဟောလိဝုဒ် သရုပ်ဆောင်ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ တရားဝင် ကွာရှင်းပြတ်စဲခဲ့

Feb 22 • 4:07 AM

breaking-news

မြန်မာ

ပြည်ပ

cover

နာမည်ကြီးဟောလိဝုဒ် သရုပ်ဆောင်ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ တရားဝင် ကွာရှင်းပြတ်စဲခဲ့

ဖေဖော်ဝါရီ ၂၁ ရက်မှာနာမည်ကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ဟာ တရားဝင် ကွာရှင်းပြတ်စဲခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှ...

ဖေဖော်ဝါရီ ၂၁ ရက်မှာနာမည်ကျော် အနုပညာရှင်စုံတွဲဖြစ်တဲ့ ဂျီနီဖာလိုပက်ဇ်နဲ့ ဘန်အက်ဖလက်ခ်တို့ဟာ တရားဝင် ကွာရှင်းပြတ်စဲခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ ကွာရှင်းပြတ်စဲမှုကို လော့အိန်ဂျလိစ် တရားရုံး တရားသူကြီးက ဇန်နဝါရီ ၆ ရက်မှာ အတည်ပြုခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ၂၁ ရက်မှ စတင်အသက်ဝင်ကာ အတည်ဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ဂျီနီဖာလိုပက်ဇ်ဟာ သူတို့ရဲ့ ကွာရှင်းပြတ်စဲမှုကို လျှောက်ထားပြီးနောက် ခြောက်လအကြာမှာဘဲ တရားဝင်ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းဟာ နှစ်နှစ်သာရှိခဲ့ပြီးသူတို့မှာ သားသမီးလည်းမရှိတဲ့အတွက် အုပ်ထိန်းမှုဆိုင်ရာ ပြသနာတွေမရှိခဲ့ပါဘူး။ သူတို့စုံတွဲဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ လက်ထပ်ခဲ့ကြပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကွာရှင်းပြတ်စဲဖို့ ဂျီနီဖာလိုပက်ဇ်က လျှောက်ထားခဲ့ပါတယ်။



news-view-count-icon

21