မြန်မာ့ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်/ သွင်းကုန်များနှင့်ပတ်သက်ပြီး Online စနစ်ဖြစ်သည့် ကုန်သွယ်မှုဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင် သည့်စနစ် (TradeNet 2.0)မှ လျှောက်ထားရမည့် လုပ်ငန်းစဉ်များကို သိရှိနိုင်စေရန်နှင့် Online Sale များ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေးလျက်ရှိကာMSME နှင့် ဒစ်ဂျစ်တယ်နည်းပညာချိတ်ဆက်မှုအနေဖြင့် e-Commerce Platform ထားရှိပြီး လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို Platform တွင် အခမဲ့တင်ပေးပြီး ပြည်ပဈေးကွက်များ ချိတ်ဆက်ရှာဖွေပေးလျက်ရှိပါသည်။ ထို့ပြင်ကိုရီးယားနှင့်ပူးပေါင်း၍ Myanmar Pavilion ဈေးဝယ် Website တွင်လည်း SME ထုတ်ကုန်များကို ကြော်ငြာထားပြီး ကိုရီးယားလုပ်ငန်းရှင်များမှ ဝယ်ယူအားပေးခြင်းဖြင့်လည်း MSME ပြည်ပ ဈေးကွက်ကို ထိုးဖောက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။



