back

တာချီလိတ်ကို ရန်ကုန်ကနေ စက်သုံးဆီ သယ်ယူရောင်းချဖို့ စီစဉ်နေ

Feb 21 • 3:28 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်ကို ရန်ကုန်ကနေ စက်သုံးဆီ သယ်ယူရောင်းချဖို့ စီစဉ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေ တဆင့် စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချသွားမယ့် ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး စက်သုံးဆီမျ...


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေ တဆင့် စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချသွားမယ့် ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး စက်သုံးဆီများပြတ်လပ်မှု မဖြစ်ပေါ်စေရေး ညှိနှိုင်းဆွေးနွေးပွဲတရပ်ကို ဖေဖော်ဝါရီ ၂၀ ရက်က တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပြီးထိုင်းနိုင်ငံကနေ စက်သုံးဆီတင်ပို့မှုရပ်ဆိုင်းထားတာကြောင့် စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးနဲ့ ဈေးနှုန်းသက်သာစေရေးအတွက် Max Mega Power Myanmar Co,Ltd နဲ့ Golden Gate Energy Co,Ltd တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတွေကနေတဆင့် တာချီလိတ်မြို့ကို သယ်ယူနိုင်ဖို့ တာချီလိတ်မြို့စက်သုံးဆီလုပ်ငန်းရှင်များအသင်းနဲ့ ပေါင်းစပ်ပြီး စက်သုံးဆီသယ်ယူဖြန့်ဖြူး ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါသည်။



news-view-count-icon

33