back

လှိုင်သာယာမြို့နယ်တွင်ရှိသော စက်ရုံတစ်ခုတွင် အချိန်ပို ဖိအားပေးခေါ်ယူတာ အပြင် မိသားစုထံ ဆက်သွယ်အသိပေးခွင့် မပြု လို့ အခက်အခဲဖြစ်

Feb 21 • 3:27 PM

breaking-news

မြန်မာ

ရန်ကုန်

cover

လှိုင်သာယာမြို့နယ်တွင်ရှိသော စက်ရုံတစ်ခုတွင် အချိန်ပို ဖိအားပေးခေါ်ယူတာ အပြင် မိသားစုထံ ဆက်သွယ်အသိပေးခွင့် မပြု လို့ အခက်အခဲဖြစ်

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့် ရွှေလင်ဗန်းဆေးရုံရှေ့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား...


လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းနဲ့ ဦးအောင်သူလမ်းထောင့် ရွှေလင်ဗန်းဆေးရုံရှေ့မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၈၀၀) နီးပါးနဲ့ လုပ်ငန်းလည်ပတ်နေသောတရုတ်နိုင်ငံသားပိုင်(မြန်မာ) အထည်ချုပ်စက်ရုံ မှာ အချိန်ပိုအလုပ်ချိန်တွေကို ဖိအားပေးပြီး ခေါ်ယူနေတဲ့အပြင် အချိန်ပိုခေါ်ယူတာကို မိသားစုဆီ ဆက်သွယ် အသိပေးခွင့် မပြုတာကြောင့် အခက်တွေ့နေတယ်လို့ စက်ရုံအလုပ်သမားတွေကထံမှ သိရပါသည်။“အလုပ်ချိန်က မနက် (၇) နာရီခွဲကနေ ည (၇) နာရီထိ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလိုပါပဲ။ ည (၉) နာရီအထိ ခေါ်ပါတယ်။ လိုင်းအလိုက် သတ်မှတ်စံချိန်မပြည့်ရင် အချိန်ပိုကို ည (၉) နာရီ၊ (၁၂) နာရီတွေအထိ ခေါ်ပါတယ်။ အချိန်ပိုခေါ်လို့လည်း မိသားစုဆီကို ဖုန်းဆက်ပြောလို့မရပါဘူး။ ဖုန်းတွေကို သိမ်း ထားပါတယ်။ တစ်ချို့မိဘတွေဆို စိတ်ပူပြီး စက်ရုံထိ လိုက်လာကြတာတွေလည်း ရှိပါတယ်။ ပြန်တဲ့အချိန်ဆိုရင် တော့ ဖယ်ရီကားနဲ့ ပတ်ပို့ပါတယ်၊ ည (၉) နာရီအထိ အလုပ်ဆင်းရပြီး ည(၁၀) ကျော်မှ အိမ်ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ ချက်ပြုတ်စားသောက်တာနဲ့ ည (၁၂) နာရီထိုးပါတယ်။ ဒါပေမယ့် မနက်ကို အလုပ်ချိန်အမီ ပြန်သွားရပါတယ်။ အလုပ်သမားတွေ နေထိုင်မကောင်းလို့ဖြစ်ဖြစ်၊ မိသားစုကိစ္စကြောင့် ခွင့်ယူချင်လို့ဖြစ်ဖြစ် ခွင့်ယူ တာတို့၊ ဂိတ်ပတ်ယူတာတို့ဆို ဘယ်တော့မှ အသာတကြည်မရပါဘူး။ ပြောဆိုပြီးမှ လုပ်ပေးပါတယ်”လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါသည်။



news-view-count-icon

21