back

ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ် မှ ၎င်း၏ရှိုးပွဲတွင် ပရိသတ်တစ်ဦးကို အမေရိကန်ဒေါ်လာ သုံးသောင်း ပေးကမ်းခဲ့

Feb 21 • 3:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ် မှ ၎င်း၏ရှိုးပွဲတွင် ပရိသတ်တစ်ဦးကို အမေရိကန်ဒေါ်လာ သုံးသောင်း ပေးကမ်းခဲ့

အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ်က ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ဩစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့ရှိ Qudos Bank Arena တွင် ကျင်းပသည့် ၎င်း၏ ရှိုး...

အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် ကနေဒါ ရက်ပ်အဆိုတော် ဒရိတ်ခ်က ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ဩစတြေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့ရှိ Qudos Bank Arena တွင် ကျင်းပသည့် ၎င်း၏ ရှိုးပွဲသို့ လာအားပေးသည့် တီယာနာ ဟန်ဒါဆင်ဆိုသည့် ကိုယ်ဝန်ဆောင်သည် ပရိသတ်တစ်ဦးသည် လူအုပ် နှင့်ရောကာ လက်ကိုင်စာတန်း ကိုင်လျက်အားပေးနေသည့် စင်ရှေ့နားမှ ထိုအမျိုးသမီးကို တွေ့ရှိသွားပြီး လက်ဆောင်ပေးသည့်အနေဖြင့် အမေရိကန်ဒေါ်လာသုံးသောင်း ပေးကမ်းခဲ့သည်။ တီယာနာ ကိုင်ထားသည့်စာက “ကျွန်မရဲ့ကိုယ်ဝန် သီတင်းပတ် ၂၀ ရှိနေပါပြီ”ဟု ရေးထားသည်။ Tik Tok ပေါ်တင်ထားသည့် ဗီဒီယိုတစ်ခုတွင် ဒရိတ်ခ်က တီယာနာနှင့် သူငယ်ချင်းဆိုသူတို့ကို VIP ထိုင်ခုံသို့ရွှေ့ပေးရန် ၎င်း၏အဖွဲ့ကို လှမ်းပြောခဲ့သည်။ထို့ပြင် တီယာနာ၏ ရင်သွေးအတွက် ငွေကြေးလက်ဆောင်လည်း ပေးခိုင်းခဲ့သည်။


news-view-count-icon

16