အမေရိကန်ဖက်ဒရယ်အစိုးရ၏ ငွေကြေးအသုံးစရိတ်များကို လျှော့ချရန် သမ္မတထရမ့်၏ တာဝန်ပေးအပ်ခြင်းခံထားရသော ဘီလီယံနာ အီလွန်မတ်သည် ဗာဂျီးနီးယားပြည်နယ်၊ နေရှင်နယ်ဆိပ်ကမ်းတွင် ကျင်းပသည့် ကွန်ဆာဗေးတစ်နိုင်ငံရေးညီလာခံ စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ရာတွင် အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီထံမှ လက်ဆောင်ရရှိထားသည့် သစ်ခုတ်လွှစက်တစ်ခုကို လက်ဖြင့် ကိုင်ဆောင်လာခဲ့သည်။ "ဒါဟာ ဗျူရိုကရေစီယန္တရားကို ဖြတ်တောက်ပစ်မယ့် လွှစက်ပါ" ဟုလည်း အီလွန်မတ်က ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသမ္မတ ဇေဗီယာမီလီက မတ်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သော အနီရောင် သစ်ခုတ်လွှစက်တွင် "လွတ်လပ်ရေး အသက်ရှည်ပါစေ(Viva la libertad, carajo)" ဟု ရေးထွင်းထားသည်။



