အင်ဒိုနီးရှားနိုင်ငံသည် ပါကစ္စတန်နိုင်ငံမှ ကျွဲသား မက်ထရစ်တန် ၁၀၀၀၀၀ တင်သွင်းမည်။ အင်ဒိုနီးရှားသည် ယမန်နှစ်က အိန္ဒိယနိုင်ငံမှ ကျွဲသားကို တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် ပါကစ္စတန်ကျွဲသားက အိန္ဒိယထက် ဈေးသက်သာသဖြင့် ပါကစ္စတန်ကျွဲသား တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။ အင်ဒိုနီးရှားသည် ၂၀၂၅ ခုနှစ်တွင် အမဲသား မက်ထရစ်တန် ၁၈၀,၀၀၀ နှင့် ကျွဲသား မက်ထရစ်တန် ၁၀၀,၀၀၀ တင်သွင်းရန် ရည်မှန်းထားသည်။



