back

ဟားမတ်အဖွဲ့ ပြန်လွှဲပေးခဲ့သည့် အလောင်းများထဲတွင် ဘီးဘတ်စ် ကလေးများ၏ မိခင်မပါ

Feb 21 • 12:53 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဟားမတ်အဖွဲ့ ပြန်လွှဲပေးခဲ့သည့် အလောင်းများထဲတွင် ဘီးဘတ်စ် ကလေးများ၏ မိခင်မပါ

ဟားမတ်အဖွဲ့က ကြာသပတေးနေ့မှာ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ရုပ်အလောင်းတွေထဲက နှစ်ခုဟာ အေရီရယ်နဲ့ ကေဖာ ဘီးဘတ်စ်ဆိုတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ အလောင်းဖြစ်တယ်လို့ အစ္စရေးက ပ...

ဟားမတ်အဖွဲ့က ကြာသပတေးနေ့မှာ ပြန်လွှဲပြောင်းပေးခဲ့တဲ့ ရုပ်အလောင်းတွေထဲက နှစ်ခုဟာ အေရီရယ်နဲ့ ကေဖာ ဘီးဘတ်စ်ဆိုတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ အလောင်းဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ကလေးငယ်တွေရဲ့အမေ ရှီရီရဲ့ အလောင်းဖြစ်မယ်လို့ ယူဆရတဲ့ ရုပ်အလောင်းတစ်ခုကို စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာတော့ ရှီရီရဲ့ ရုပ်အလောင်း မဟုတ်တာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ သေမှုသေခင်း စစ်ချက်နဲ့ ထောက်လှမ်းရေး အချက်အလက်တွေက အဲဒီကလေးငယ်တွေဟာ သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တယ်ဆိုတာ တွေ့ရကြောင်းလည်း အစ္စရေး စစ်ဘက်က ပြောပါတယ်။ ဒီဖြစ်စဉ်ကြောင့် လာမဲ့ စနေနေ့မှာ စီစဉ်ထားတဲ့ ဓားစာခံ(၆)ယောက် ပြန်လွှတ်ပေးရေးဟာ အပြောင်းအလဲရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ရကြောင်းလည်း အစ္စရေး စစ်တပ်က ပြောထားပါသည်။


news-view-count-icon

23