နိုင်ငံပေါင်း (၁၄)နိုင်ငံပါဝင် ယှဉ်ပြိုင်မည့် မြင်းစီးတန်းခုန်ပြိုင်အတွက် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းစီးကစားသမား ကျော်ဝဏ္ဏအောင်သည် ယနေ့ ထိုင်းနိုင်ငံသို့ ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။၎င်းအနေဖြင့် ဖေဖော်ဝါရီ (၂၂)ရက်တွင် ထိုင်းနိုင်ငံ ၊ပတ္တားယားမြို့ Thai Polo and Equestrian Club Pattaya ၌ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။



