back

အမေရိကန်ဒေါ်လာဈေးကျနေပြီး ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေ ဈေးတက်

Feb 21 • 12:48 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမေရိကန်ဒေါ်လာဈေးကျနေပြီး ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေ ဈေးတက်

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၂၉၀၃ ဒေါ်လာရှိရာမှ ယနေ့တွင် ၂၉၂၁ ဒေါ်လာထိဈေးမြင့်တက်လာကြောင်းသိရသည်။ပြည်တွင်းရွှေဈေးသည် ယခုနှစ်စကတည်းက မြင့်တက်လ...


ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၂၉၀၃ ဒေါ်လာရှိရာမှ ယနေ့တွင် ၂၉၂၁ ဒေါ်လာထိဈေးမြင့်တက်လာကြောင်းသိရသည်။ပြည်တွင်းရွှေဈေးသည် ယခုနှစ်စကတည်းက မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ အကယ်ဒမီအခေါက်ရွှေ‌‌ဈေးသည် တစ်ကျပ်သား ( ၁၆ ဒသမ ၃၂၉ ဂရမ်) ကို ကျပ် ၆၇ သိန်းပတ်ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းကစုံစမ်းသိရသည်။ပြင်ပရွှေပေါက်ဈေးတွင် ရွှေတစ်ကျပ်သားလျှင် ရောင်းဈေးကျပ်သိန်း ၆,၆၆၀,၀၀၀ ဖြစ်ပြီး ဝယ်ဈေးမှာ ကျပ် ၆,၆၅၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်လုပ်ကြောင်းသိရသည်။



news-view-count-icon

28