နယူးဇီလန်လက်ဝှေ့သမား ဂျိုးဆက်ပါကား က လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထိုးသတ်မယ့် IBF ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဒန်နီရယ်လ်ဒူဘွာ နှင့်ပွဲမှာ အနိုင်ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကို လာမယ့် စနေနေ့မှာ ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့ရှိ Kingdom Arena မှာ ထိုးသတ်မှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ပါကား အနေနဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က မက္ကဆီကို/အမေရိကန် လက်ဝှေ့သမား အန်ဒီရုဇ်ဂျူနီယာကို အမှတ်ဖြင့် အနိုင်ယူပြီး လစ်လပ်လျက်ရှိတဲ့ WBO ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။



