မန်ယူအသင်းမှာ နည်းပြ အာမိုရင် ရဲ့ခေတ်တစ်ခုကို တည်ဆောက်ဖို့အတွက် အချိန်ပေးရမှာ ဖြစ်တယ်လို့ မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ် က သုံးသပ်သွား ခဲ့ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင် ဟာ မန်ယူနည်းပြရာထူးကို နိုဝင်ဘာလမှာ ရယူခဲ့ပြီးနောက်ပိုင်း လက်ရှိ အချိန်အထိ တည်ငြိမ်တဲ့အသင်းတစ်သင်းကို တည်ဆောက်ပြနိုင်ဖို့ ရုန်းကန်နေရပြီး ၃-၄-၃ ကစားကွက်မှာ အဆင်ပြေဖို့အတွက် ခက်ခဲနေခဲ့ပြီး အသင်းကလည်း ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်းဖြစ်သလို မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ဂယ်ရီနဗီးလ် က အာမိုရင် အတွက် အထူးသီးသန့်လိုအပ်ချက်တွေရှိနေပြီး အသင်းအနေနဲ့ ဖြည့်ဆည်းပေးနိုင်၊ မပေးနိုင်ဆိုတာ ကိုသာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သုံးသပ်သွားခဲ့ပါသည်။



