ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးလ်အပေါ် စစ်ဆေးကြားနာမှုကို ယနေ့ ကြာသပတေးနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီအတွက် ယွန်းဟာ တောင်ကိုရီးယားသမိုင်းမှာ ရာဇဝတ်မှု ဆိုင်ရာ စစ်ဆေးကြားနာမှုနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးသမ္မတ ဖြစ်လာခဲ့ပါတယ်။ အသက် (၆၄)နှစ်အရွယ် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်တဲ့ ယွန်းဟာ မအောင်မြင်တဲ့ မာရှယ်လော ထုတ်ပြန်မှုအတွက် ပြီးခဲ့တဲ့လတုန်းက ဖမ်းဆီးစွဲချက်တင်ခံရပြီးနောက် အချုပ်ကျခံနေရတာပါ။ အဲဒီ မာရှယ်လောထုတ်ပြန်မှုအတွက် စွဲချက်တင် ထားတဲ့အမှုမှာ ပြစ်မှုထင်ရှားရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် တစ်သက် ကျခံရဖွယ်ရှိနေပါတယ်။ သူ့အပေါ် တရားခွင်စစ်ဆေးကြားနာမှုကို ကြာသပတေးနေ့ ဒေသစံ တော်ချိန် မနက်(၁၀)နာရီမှာ ဆိုးလ်မြို့တော် အလယ်ပိုင်းခရိုင်တရားရုံးမှာ စတင်ကြားနာခဲ့ပါသည်။



