ဒီကနေ့ ဖေဖော်ဝါရီလ ၂၀ ရက် တောင်အာဖရိကမှာ အမေရိကန်မပါဝင်တဲ့ G20 နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပတော့မှာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထိပ်တန်းနိုင်ငံကြီး နှစ်ဆယ်က ထိပ်တန်းသံတမန်တွေပါဝင်မဲ့ အစည်းအဝေးကို တောင်အာဖရိကမှာ ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာလမှာ ကျင်းပမဲ့ G20 ထိပ်သီးအစည်းအဝေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး တွေက အာဖရိကမှာ ပထမဆုံးအကြိမ် တွေ့ဆုံကြမှာဖြစ်ပြီး ဆွေးနွေးပွဲကို နှစ်ရက်တာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ တောင်အာဖရိကနိုင်ငံ ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က G20 ဥက္ကဋ္ဌရာထူးကို လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး ဆင်းရဲနွမ်းပါး သူတွေအတွက် ထောက်ပံ့ကြေးငွေပေးအပ်ဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာခဲ့တာပါ။ လက်ရှိ G20 အဖွဲ့မှာ နိုင်ငံပေါင်း ၁၉ နိုင်ငံအပြင် ဥရောပသမဂ္ဂနဲ့ အာဖရိကသမဂ္ဂတို့ပါဝင်ပြီး ကမ္ဘာ့ GDP ရဲ့ ၈၀ ရာခိုင်နှုန်း ကျော်နဲ့ ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံကျော် ရှိပါတယ်။



