back

ရီးရဲလ်နှင့် သမိုင်းသစ်ရေးထိုးချင်ဟု အမ်ဘာပေ ပြော

Feb 20 • 10:24 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးရဲလ်နှင့် သမိုင်းသစ်ရေးထိုးချင်ဟု အမ်ဘာပေ ပြော

မန်စီးတီးအသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းနဲ့အတူ သမိုင်းသစ် ရေးထိုးချင်တယ်လို့ တိုက်စစ်မှူး အမ်ဘာပေက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်...

မန်စီးတီးအသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းနဲ့အတူ သမိုင်းသစ် ရေးထိုးချင်တယ်လို့ တိုက်စစ်မှူး အမ်ဘာပေက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့ ပထမအကျော့မှာ အသင်းအတွက် တစ်ဂိုး သွင်းယူပေးခဲ့တဲ့ အမ်ဘာပေဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲမှာလည်း အသင်း အတွက် ဟက်ထရစ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၂၆ နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်အသင်းအတွက် အခုရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူပေးထားပြီး ရီးရဲလ်နည်းပြ အန်ဆလော့ တီကတော့ အမ်ဘာပေဟာ ရော်နယ်ဒိုရဲ့ခြေရာကို လိုက်နင်း နိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။


news-view-count-icon

24