ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ပရီးမီယားလိဂ်မှာ ထိပ်ဆုံး လေးသင်းအတွင်း ဝင်ခွင့်ရရေးကို ပစ်မှတ်ထား အာရုံစိုက်ရတော့မယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်း ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး- ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။ ဒါဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်နဲ့ လွဲချော်ခဲ့တာလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် လက်ကျန် ၁၃ ပွဲမှာ ရလဒ်ကောင်းတွေရယူပြီး ရာသီအကုန်မှာ ထိပ်ဆုံးလေးသင်းစာ ရင်းဝင်ဖို့ ပစ်မှတ်ထားရတော့မှာဖြစ်ပါတယ်လို့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။



