တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ပြည်တွင်း၌ နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်း (၄) ခုတည်ဆောက်နိုင်ရန် ပြင်ဆင်နေသည်။ ယင်းအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးထားကာ စီမံကိန်းများကို တရုတ်နိုင်ငံမှ (၁) ဘီလီယံနီးပါး ကူညီပေးသွားမည် ဖြစ်သည်။ အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း (၄) ခုကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်ထည်ဖော်သွားမည်ဖြစ်ကာ စုစုပေါင်း (၁၉၀) မဂ္ဂါဝပ် ရရှိမည်ဖြစ်သည်။



