back

မိုက်ခရိုပလတ်စတစ်မှုန်များက ကြွက်များ၏ ဦးနှောက်သွေးကြောများကို ပိတ်ဆို့သွားစေကြောင်း စမ်းသပ်မှုတွင် တွေ့ရှိရ

Feb 20 • 10:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

မိုက်ခရိုပလတ်စတစ်မှုန်များက ကြွက်များ၏ ဦးနှောက်သွေးကြောများကို ပိတ်ဆို့သွားစေကြောင်း စမ်းသပ်မှုတွင် တွေ့ရှိရ

မိုက်ခရိုပလတ်စတစ်မှုန်တွေက ကြွက်တွေရဲ့ ဦးနှောက်ထဲကို ဖြတ်သန်းသွားနိုင်ကာ သွေးကြောတွေကို ပိတ်ဆို့သွားပြီး အသက်အန္တရာယ် ဖြစ်နိုင်လောက်တဲ့ သွေးခဲခြင်းမျိုး တွေ့ခဲ့...

မိုက်ခရိုပလတ်စတစ်မှုန်တွေက ကြွက်တွေရဲ့ ဦးနှောက်ထဲကို ဖြတ်သန်းသွားနိုင်ကာ သွေးကြောတွေကို ပိတ်ဆို့သွားပြီး အသက်အန္တရာယ် ဖြစ်နိုင်လောက်တဲ့ သွေးခဲခြင်းမျိုး တွေ့ခဲ့ကြပါတယ်။ ပလတ်စတစ်အမှုန်တွေ ဦးနှောက်သွေးကြောတွေမှာ ဖြတ်သန်းစုပြုံလာပုံကို ပထမဆုံးအနေနဲ့ လက်တွေ့စောင့်ကြည့်ခဲ့ကြတာ ဖြစ်ပါတယ်။ ပလတ်စတစ်တစ်မှုန်က စပိတ်သွားရင် အနောက်မှာစုပြုံပိတ်ဆို့သွားကြတယ်လို့ ဆိုကြပါတယ်။ ကြွက်တွေရဲ့ဦးနှောက်မှာ သွေးစီးဆင်းမှု လျော့ကျစေပြီး စိတ်နဲ့ကိုယ် လုပ်ဆောင်ချက် ကျဆင်းသွားတာ တွေ့ခဲ့ကြပါတယ်။ လူတွေမှာတော့ သွေးကြောတွေက ကြွက်တွေလောက် မသေးတာကြောင့် အမှုန်ပိတ်ဆို့မှုက ဘယ်လောက်အထိ သက်ရောက်နိုင်လဲဆိုတာ သေချာမသိသေးဘဲ ထပ်မံသုတေသန ပြုလုပ်သွားရမယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။


news-view-count-icon

20