back

မူဆယ်တွင် နေအိမ်ထဲ ဝင်ခိုးရန် ကြိုးစားသူ လှေကားမှပြုတ်ကျခဲ့၍သေဆုံး

Feb 20 • 6:33 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်တွင် နေအိမ်ထဲ ဝင်ခိုးရန် ကြိုးစားသူ လှေကားမှပြုတ်ကျခဲ့၍သေဆုံး

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ ဝင်ခိုးရန် ကြိုးစားသူ အမျိုးသားတစ်ဦးသည် လှေကားတက်ရင်း ပြုတ်ကျကာ သေဆုံးခဲ့သည်။ဖြစ်စဉ်သည် ဖေဖော...

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ ဝင်ခိုးရန် ကြိုးစားသူ အမျိုးသားတစ်ဦးသည် လှေကားတက်ရင်း ပြုတ်ကျကာ သေဆုံးခဲ့သည်။ဖြစ်စဉ်သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူသည် ယခင်ကလည်း ခိုးမှုများပြုလုပ်ဖူးသည်ဟု ဒေသခံများကဆိုသည်။ အလောင်းကို လူမှုကူညီရေးအသင်းများက ဆောင်ရွက်ပေးခဲ့ကြသည်။မူဆယ်မြို့တွင် လက်နက်ကိုင်လုယက်မှုများ နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ ပေါများနေသည့်အတွက် ဒေသခံများ အန္တရာယ်များကြုံတွေ့နေရကြောင်း သိရသည်။


news-view-count-icon

17