မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသရှိ ကျားဖြန့်လုပ်ငန်းများတွင် လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသား ၂၀၀ ဦးအား မြဝတီဒေသတာဝန်ရှိသူများက ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လွှဲပြောင်းပေးအပ်မှုအပြီး၊ ထိုင်းအာဏာပိုင်များက တရုတ်နိုင်ငံသားများကို စိစစ်ပြီး၊ နောက်ဆုံးတွင် တရုတ်နိုင်ငံတာဝန်ရှိသူများက မဲဆောက်လေဆိပ်မှတဆင့် တရုတ်သို့ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ယခင်ကလည်း ၂၀၂၅ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မြဝတီမြို့နယ်၊ ရွှေကုက္ကိုဒေသရှိ လူကုန်ကူးခံရသည့် နိုင်ငံခြားသား ၆၁ ဦးကို ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားမှတဆင့် ထိုင်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါသည်။



