အိန္ဒိယ နယူးဒေလီမြို့တွင် ပြုလုပ်သည့် ပဲမျိုးစုံ ဆွေးနွေးပွဲအပြီး၊ ပြည်တွင်း ပဲစင်းငုံဈေးက တစ်တန်ကို ကျပ်သိန်း ၃၀ အထက်အထိ မြင့်တက်လာခဲ့သည်။သီတင်းတစ်ပတ်အတွင်းတွင်သာ တစ်တန်လျှင် ကျပ် ၁၀၀,၀၀၀ ကျော်တိုးလာခဲ့ပြီး၊ ယင်းဈေးကွက် ပြောင်းလဲမှုသည် တင်သွင်းမှုများနှင့် ပြည်တွင်း ရောင်းဝယ်မှုအခြေအနေများကြောင့် ဖြစ်နိုင်ကြောင်း ယူဆရသည်။



