တာချီလိတ်မြို့တွင် လျှပ်စစ်မီး ဖြန့်ဖြူးမှုကို တစ်နေ့ (၆) နာရီနှုန်းဖြင့် အပိုင်း (၄)ပိုင်း ခွဲ၍ ပေးမည်ဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီရုံးက ထပ်မံကြေညာခဲ့သည်။ ထိုင်းမှ လျှပ်စစ်မီး ဖြတ်တောက်ခံရမှုကြောင့် လာအိုမှ ဝယ်ယူထားသည့် (၁၃) မဂ္ဂါဝပ်ကို ခွဲဝေသုံးစွဲနေရခြင်း ဖြစ်သည်။လက်ရှိတွင် လာအိုဘက်မှ (၃၀) မဂ္ဂါဝပ်အထိ ထပ်တိုးရနိုင်ရန် ညှိနှိုင်းဆောင်ရွက်နေပြီး အဆိုပါ ပမာဏရရှိပါက ၂၄ နာရီအပြည့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော်, လက်ရှိ အခြေအနေတွင် မီးပျက်ချိန်ကြာမြင့်မှုများကြောင့် ပြည်သူများ၏ ဝေဖန်မှုများ တိုးလာနေသည်။




