အင်ဒိုနီးရှားတွင် ရွှေချောင်းဘဏ်လုပ်ကိုင်ခွင့် ရရှိသော အဖွဲ့အစည်းနှစ်ခုရှိပြီး ၎င်းတို့မှာ နိုင်ငံပိုင် ဘဏ်လုပ်ငန်းများဖြစ်ကြသည့် Pegadaian နှင့် Bank Syariah Indonesia တို့ဖြစ်သည်။ ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီးရွှေချောင်းဘဏ်များသည် ရွှေကုန်သွယ်မှု၊ ရွှေပါဝင်ပတ်သက်သော ဘဏ်လုပ်ငန်းဝန်ဆောင်မှုတို့ကို လုပ်ကိုင်မည်။ရွှေချောင်းများအတွက် ရွှေစစ်မှန်ကြောင်း အာမခံချက်လက်မှတ် ထုတ်ပေးမည်။ဘဏ်မှာ စုဆောင်းသည့်ငွေစာရင်းကို ရွှေဖြင့် စုဆောင်းပေးထားမည်။



