၂၀၂၅ခုနှစ်ရဲ့ ဇန်နဝါရီလ(၃၀)ရက်မှ ဖေဖော်ဝါရီလ (၁၉)ရက်အထိ ကျားဖြန့်အလုပ်တွေဖြစ်တဲ့ အွန်လိုင်းလိမ်လည်မှု၊အွန်လိုင်းလောင်းကစားမှုတွေမှာ ပါဝင်နေတဲ့ နိုင်ငံခြားသား တွေကိုထပ်မံစစ်ဆေးဖော်ထုတ်နိုင်တာဖြစ်ပြီး စုစုပေါင်းနိုင်ငံခြားသား(၁၅၅၃)ဦးကိုစစ်ဆေးဖော်ထုတ်နိုင်ပြီဖြစ်ပါတယ်။ကျားဖြန့်လိမ်လည်တဲ့အလုပ်တွေမှာလုပ်ဖို့ မြန်မာပြည်တွင်းမြဝတီသို့ တရားမဝင်လမ်းကြောင်းမှ ရောက်ရှိ နေတဲ့နိုင်ငံခြားသား(၂၅၀)ဦးကိုထပ်မံစစ်ဆေးဖော်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ၊ပြည်ထဲရေးဝန်ကြီးဌာနမှ သိရပါတယ်။ဖမ်းဆီးရမိသူတွေကို ဥပဒေနဲ့အညီထိန်းသိမ်းကာ သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလရဲ့ရက်ပေါင်း(၂၀)ရက်အတွင်း မြဝတီ၌ ကျားဖြန့်လုပ်နေရသည့် နိုင်ငံခြားသား (၂၅၀)ဦးကိုစစ်ဆေးဖော်ထုတ်နိုင်ခဲ့
Feb 20 • 3:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


