back

၂၀၂၄ ခုနှစ်အတွင်း အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းမှု ၂၉၁ မှု တောင်းဆို

Feb 20 • 3:34 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၄ ခုနှစ်အတွင်း အလုပ်ရှင်-အလုပ်သမား ညှိနှိုင်းမှု ၂၉၁ မှု တောင်းဆို

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီထံသို့ ၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိနှိုင်းမှု တောင်းဆိုမှု ၂၉၁ မှု ရှိခဲ့ပြီး ၂၇၇...

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီထံသို့ ၂၀၂၄ ခုနှစ်တစ်နှစ်တာအတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား ညှိနှိုင်းမှု တောင်းဆိုမှု ၂၉၁ မှု ရှိခဲ့ပြီး ၂၇၇ မှုကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။အလုပ်သမား ၃၀ ဦးနှင့်အထက် လုပ်ကိုင်နေသည့်လုပ်ငန်းများတွင် အငြင်းပွားမှုများကို အလုပ်သမားရေးရာ ညှိနှိုင်းရေးကော်မတီများမှ ဖြေရှင်းဆောင်ရွက်ခဲ့သည်။ အလုပ်သမားအခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေးကောင်းမွန်စေရန် သုံးပွင့်ဆိုင်ညှိနှိုင်းမှုဖြင့် အစိုးရကပါဝင် ဖြေရှင်းပေးနေကြောင်း သိရသည်။၂၀၂၄ ခုနှစ်အတွင်း အငြင်းပွားမှု ၂၉၁ မှုအနက် ၂၇၇ မှုကို ဖြေရှင်းနိုင်ခဲ့ခြင်းသည် လုပ်ငန်းခွင် အေးချမ်းသာယာရေးနှင့် အလုပ်သမား အခွင့်အရေးအတွက် အရေးပါကြောင်း တာဝန်ရှိသူများက ဖော်ပြသည်။


news-view-count-icon

22