ဖေဖော်ဝါရီလ ၁၉ရက်နေ့ညပိုင်းကမန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂လမ်း ၃၆ လမ်းနှင့်၃၇လမ်းကြားရှိ ရှေးဟောင်း သမိုင်းဝင် ရွှေအိုးရစေတီအတွင်းက ရှေးဟောင်းလျောင်းတော်မူကျောက်သား ဆင်းတု တော်တစ်ဆူကို ခိုးယူသည့်အဖွဲ့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ဘုရားခိုးအဖွဲ့ဝင်အမျိုးသား(၄)ဦးကို သက်သေခံဆင်းတုတော်နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်မေးနေဆဲဖြစ်တဲ့အတွက် ဖြစ်စဉ်ကိုပြောပြလို့ မရသေးဘူးလို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။



