back

နျူစွမ်းအင်ကို ပိုမိုအားထားသုံးစွဲသွားရန် ဂျပန်ဆုံးဖြတ်

Feb 19 • 3:01 PM

breaking-news

မြန်မာ

ပြည်ပ

cover

နျူစွမ်းအင်ကို ပိုမိုအားထားသုံးစွဲသွားရန် ဂျပန်ဆုံးဖြတ်

ဂျပန်နိုင်ငံဟာ မြင့်မားလာနေတဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ နျူကလီးယားစွမ်းအင် ကို ပိုပြီး အားထားသုံးစွဲသွားမယ်လို့ ကြေညာလိုက်ပါတယ်။ အ...

ဂျပန်နိုင်ငံဟာ မြင့်မားလာနေတဲ့ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ နျူကလီးယားစွမ်းအင် ကို ပိုပြီး အားထားသုံးစွဲသွားမယ်လို့ ကြေညာလိုက်ပါတယ်။ အင်္ဂါနေ့က အတည်ပြုပေးခဲ့တဲ့ စွမ်းအင်အစီအစဉ်မှာ နျူကလီးယား စွမ်းအင်အသုံးပြုမှုကို အမြင့်ဆုံး အနေအထား အထိ တိုးမြှင့်ဖို့နဲ့ နျူစွမ်းအင်အပေါ် အမှီပြုတာလျှော့ချရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်၊ အကိုးအကား တွေကို ပယ်ဖျက်ဖို့ တောင်းဆိုထားပါတယ်။ အဲဒီ စွမ်းအင်အစီအစဉ်ကို ရေးဆွဲတဲ့ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက ၂၀၄၀ ပြည့်နှစ်မှာ ဂျပန်ရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုမှာ နျူစွမ်းအင်ဟာ (၂၀)ရာခိုင်နှုန်း ရှိနေသင့်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ ဖူကူရှီးမားနျူစက်ရုံ မတော်တဆဖြစ်စဉ်အပြီး (၁၄)နှစ်အကြာမှာ ဂျပန်ရဲ့ နျူစွမ်းအင်ဆိုင်ရာမူဝါဒမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။


news-view-count-icon

18