ငြိမ်ချမ်းရေး အကြောင်းပြကာ ယူကရိန်း ပိုင်နက်ထဲ NATO အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖြန့်ထားရေး သဘောတူညီမှုအား လက်မခံကြောင်း ရုရှားနိုင်ငံကြားရေးဝန်ကြီးက သတိပေးလိုက်သည်။ ဆော်ဒီအာရေဗျတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ယူကရိန်း ရုရှားစစ်ပွဲ အဆုံးသတ်ရေးဆွေးနွေးပွဲ အပြီးတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။ ယူကရိန်းတွင် အခြားနိုင်ငံများ၏ အလံအောက်မှ စစ်တပ်တချို့ ရောက်ရှိနေရုံဖြင့် အခြေအနေ ကွာခြားသွားမည် မဟုတ်ပဲ လုံးဝ လက်ခံမှာ မဟုတ်ကြောင်း ၎င်းကဆိုသည်။



