back

ယူအေအီး၊ရှာဂျာတွင် ပြစ်ဒဏ်ကျခံရသူများ အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးနှင့် ရပိုင်ခွင့်များ မြှင့်တင်ရန် ဥပဒေအသစ် ထုတ်ပြန်

Aug 26 • 7:08 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီး၊ရှာဂျာတွင် ပြစ်ဒဏ်ကျခံရသူများ အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးနှင့် ရပိုင်ခွင့်များ မြှင့်တင်ရန် ဥပဒေအသစ် ထုတ်ပြန်

ယူအေအီးနိုင်ငံ ရှာဂျာ (Sharjah) စီရင်စုတွင် ပြစ်ဒဏ်ကျခံနေရသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးစနစ်များကို ပိုမိုခေတ်မ...

ယူအေအီးနိုင်ငံ ရှာဂျာ (Sharjah) စီရင်စုတွင် ပြစ်ဒဏ်ကျခံနေရသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေးစနစ်များကို ပိုမိုခေတ်မီစေရန် ရည်ရွယ်၍ ပြုပြင်ပြောင်းလဲရေးနှင့် ပြစ်ဒဏ်ကျခံရေး အဖွဲ့အစည်းများဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို စူလတန် Sheikh Sultan bin Muhammad Al Qasimi က ထုတ်ပြန်လိုက်သည်။ ဥပဒေသစ်တွင် ပြစ်ဒဏ်ကျခံနေရသူများ၏ လူ့အခွင့်အရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာသင်ကြားခွင့်နှင့် သက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်ခွင့် စသည့် ရပိုင်ခွင့်များကို အာမခံထားသည်။ထို့အပြင် ပြစ်ဒဏ်ကျခံပြီးနောက် လူ့အဖွဲ့အစည်းအတွင်းသို့ အောင်မြင်စွာ ပြန်လည်ဝင်ရောက်နိုင်ရေး အကူအညီပေးမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ၊ အကျဉ်းသားများနှင့် မိသားစုများအကြား ဆက်သွယ်ခွင့်ဆိုင်ရာ စည်းမျဉ်းများပါဝင်ပြီး ရှာဂျာရဲတပ်ဖွဲ့ လက်အောက်ရှိ ပြုပြင်ပြောင်းလဲရေး စခန်းများ၏ စမတ်ကျကျ အုပ်ချုပ်ထန်းသိမ်းရေး လုပ်ငန်းစဉ်များကိုလည်း ပိုမိုအားကောင်းစေမည်ဖြစ်သည်။

news-view-count-icon

11