ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ်(၁၂) လားရှိုးကြီးရပ်ကွက်၊ နယ်မြေ(၁၉)၊ အဝေရာလမ်းသွယ်(၃)လမ်း၌ ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီခွဲခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ လားရှိုးခရိုင် မီးသတ်စခန်း၊ လားရှိုးမြို့နယ် မီးသတ်စခန်းနှင့် လားရှိုးအရန် မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ငြှိမ်းသတ်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26 • 3:36 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 38 | 0 | 0 | 0 |


