back

လာအိုဘက်မှ မြန်မာနိုင်ငံသား ၁၈၀ ဦး ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်

Aug 25 • 9:07 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုဘက်မှ မြန်မာနိုင်ငံသား ၁၈၀ ဦး ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်

လာအိုနိုင်ငံဘက်မှ အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၈၀ ဦးကို မိုင်းမောဆိပ်ကမ်းမှတစ်ဆင့် စက်လှေများဖြင့် မြန်မာနိုင်ငံ ဝမ်ပုံဆ...

လာအိုနိုင်ငံဘက်မှ အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား ၁၈၀ ဦးကို မိုင်းမောဆိပ်ကမ်းမှတစ်ဆင့် စက်လှေများဖြင့် မြန်မာနိုင်ငံ ဝမ်ပုံဆိပ်ကမ်းသို့ ဩဂုတ်လ ၂၄ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းသို့ လွှဲပြောင်းရာတွင် လာအိုဘက်မှ ကြိုတင်ဆက်သွယ် ညှိနှိုင်းအကြောင်းကြားခြင်း မရှိဘဲ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ရောက်ရှိလာသူများ၏ နေရပ်၊ လာအိုနိုင်ငံတွင် ရောက်ရှိနေသည့် အကြောင်းအရင်းနှင့် ပြန်လည်ပို့ဆောင်ခံရသည့် အကြောင်းရင်းများကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ကနဦး စိစစ်စစ်ဆေးလျက် ရှိသည်။

news-view-count-icon

12