back

EXO အဖွဲ့ဝင် Baekhyun ဒေါ်လာ ၄၆ သန်းကျော် (ဝမ် ၆၃ ဘီလီယံ) ငွေကြေးလိမ်လည်ခံရဟု သတင်းများ ထွက်ပေါ်

Aug 24 • 9:37 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

EXO အဖွဲ့ဝင် Baekhyun ဒေါ်လာ ၄၆ သန်းကျော် (ဝမ် ၆၃ ဘီလီယံ) ငွေကြေးလိမ်လည်ခံရဟု သတင်းများ ထွက်ပေါ်

MC Mong နှင့် ဥက္ကဋ္ဌ Cha Ga Won တို့၏ အရှုပ်တော်ပုံကြားတွင် EXO အဖွဲ့ဝင် Baekhyun သည် ဒေါ်လာ ၄၆ သန်းကျော် (ဝမ် ၆၃ ဘီလီယံ) အထိ ဆုံးရှုံးနိုင်သည့် လိမ်လည်မှုနှင့...

MC Mong နှင့် ဥက္ကဋ္ဌ Cha Ga Won တို့၏ အရှုပ်တော်ပုံကြားတွင် EXO အဖွဲ့ဝင် Baekhyun သည် ဒေါ်လာ ၄၆ သန်းကျော် (ဝမ် ၆၃ ဘီလီယံ) အထိ ဆုံးရှုံးနိုင်သည့် လိမ်လည်မှုနှင့် ကြုံတွေ့နေရကြောင်း ယူကျုဘတ် Lee Jin Ho ၏ ထုတ်ဖော်ပြောကြားချက်ကို ကိုကား၍ သတင်းများ ထွက်ပေါ်လာသည်။ ONE HUNDRED အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုစဉ်က ကတိပြုခဲ့သည့် ဒေါ်လာ ၂၅.၅ သန်းတန် ဇိမ်ခံဗီလာမှာ မြေနေရာပင် မရှိသေးခြင်း၊ လက်ရှိနေထိုင်သည့် အိမ်ရာအတွက် ပေးချေထားသော ဒေါ်လာ ၁၁.၇ သန်း စရန်ငွေ ပြန်မရနိုင်တော့ခြင်းနှင့် အေဂျင်စီဟောင်းထံမှ မရသေးသည့် ဝမ် ၁၂ ဘီလီယံတို့ကြောင့် အဆိုပါ ပမာဏအထိ ဆုံးရှုံးနိုင်ခြေ ရှိနေခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ အချက်အလက်များနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မထွက်ပေါ်သေးပေ။

news-view-count-icon

13