ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဝမ်းဒေါမိုင် ဘုန်းကြီးကျောင်း၌ ဩဂုတ်လ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ကရင်ရိုးရာ လက်ချည်ပွဲတွင် လူငယ်များအချင်းချင်း စကားများရာမှ ဓားဖြင့် လိုက်လံခုတ်သည့် ရန်ပွဲ ဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လူငယ် ၂ ဦး (ဦးခေါင်း နဖူးကွဲ ဒဏ်ရာနှင့် ကျောဘက် ဓားခုတ်ဒဏ်ရာ) ရရှိခဲ့ပြီး ပွဲအား ရပ်နားလိုက်ရသည်။ ရန်ပွဲတွင် ပါဝင်သူ လူငယ် ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဩဂုတ်လ ၂၃ ရက် ညပိုင်းတွင် ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
Aug 24 • 9:33 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


