ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့တွင် ကျောင်းသူများ ဂိုဏ်းဆန်ဆန် အုပ်စုဖွဲ့၍ မိုက်ကြေးခွဲ ရန်ဖြစ်နေမှုများ ဖြစ်ပွားလျက်ရှိသဖြင့် မိဘများနှင့် အုပ်ထိန်းသူများ စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။အဆိုပါ ရန်ဖြစ်ပွားမှုများကြောင့် ကျောင်းသူများ၏ စိတ်ဖိစီးမှုများလာကာ ကျောင်းစာ လစ်ဟင်းမည့်အရေးနှင့် တစ်ကိုယ်ရေ လုံခြုံရေးအတွက် မိဘများက စိုးရိမ်နေကြပြီး၊ အခြား ကျောင်းသား/သူများပါ အတုမြင် အတတ်သင် လိုက်လံ ပြုလုပ်လာမည်ကို ပူပန်နေကြသည်။ထို့ကြောင့် ၎င်းကိစ္စရပ်များ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာ ကျောင်းဆရာ/မများ၊ ကျောင်းကော်မတီများနှင့် မိဘများ ပူးပေါင်းကာ အချိန်မီ တားဆီး ထိန်းသိမ်း ဆုံးမပေးကြရန် ဒေသခံများက လိုလားလျက် ရှိသည်။
Aug 24 • 6:38 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 30 | 0 | 0 | 0 |


