မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ မြသိန်းတန်စေတီတော်မြတ်ကြီး ပရဝုဏ် အနောက်ဘက်ရှိ ၁၀၀ × ၁၅ ပေခန့်ရှိသော အုတ်နံရံမှာ ဩဂုတ်လ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပြိုကျခဲ့သဖြင့် ထပ်မံပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် သိမ်ဇရပ်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


