back

ပဲခူးတိုင်းဒေသကြီး၊တောင်ငူ၌ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ရန် စီစဉ်

Aug 23 • 8:16 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းဒေသကြီး၊တောင်ငူ၌ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ရန် စီစဉ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်း...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အဆိုပါ စင်တာ ပေါ်ပေါက်လာပါက ဒေသခံ တိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် ရိုးရာယဉ်ကျေးမှု အကသင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး တွေ့ဆုံပွဲတွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း၊ စာပေသင်ကြားရေး ပံ့ပိုးပေးနိုင်ရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်များ၌ တိုင်းရင်းသားအမည် မှားယွင်းမှု ပြင်ဆင်ရေး ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

24