ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စား၍ ငဝန်တာတမံ နိမ့်ကျကာ မြစ်ရေစီးကျော်ဝင်သည့် နေရာတွင် Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းခြင်း၊ ကျောက်ခြင်းနှင့် သဲအိတ်များဖြင့် အားဖြည့်ကာရံခြင်း လုပ်ငန်းစဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် အဖွဲ့က ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စီမံချက်အတိုင်း အချိန်တိုအတွင်း ပြီးစီးရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျသည့်နေရာ၌ Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းကာရံနေမှုကို ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 23 • 8:12 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 18 | 0 | 0 | 0 |


