back

ပြည်တွင်း၌ စီးပွားရေး ကျပ်တည်းမှုကြောင့် လူငယ်များ ပညာရေးထက် အလုပ်လုပ်ကိုင်ရေးကို ဦးစားပေး လာနေရ

Aug 23 • 3:17 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ စီးပွားရေး ကျပ်တည်းမှုကြောင့် လူငယ်များ ပညာရေးထက် အလုပ်လုပ်ကိုင်ရေးကို ဦးစားပေး လာနေရ

မြန်မာနိုင်ငံအတွင်း စီးပွားရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် ဒေသအသီးသီးရှိ လူငယ်များသည် ပညာဆက်လက် သင်ယူခြင်းထက် အလုပ်လုပ်ကိုင်ရေးကို ဦး...

မြန်မာနိုင်ငံအတွင်း စီးပွားရေး ကျပ်တည်းမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် ဒေသအသီးသီးရှိ လူငယ်များသည် ပညာဆက်လက် သင်ယူခြင်းထက် အလုပ်လုပ်ကိုင်ရေးကို ဦးစားပေး လာနေရကြောင်း ဒေသခံများထံမှ သိရသည်။မိသားစုများ ငွေကြေး ကျပ်တည်းမှုနှင့်အတူ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်မှုများကြောင့် အွန်လိုင်း သင်ကြားရေး အဆင်မပြေခြင်း၊ ကျောင်းပြောင်း လက်မှတ် (TC) ထုတ်ယူရန် ခက်ခဲခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများမှာ ပညာရေးအပေါ် စိတ်ဝင်စားမှု လျော့နည်းလာကြသည်။ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် အသက် ၁၄၊ ၁၅ နှစ်အရွယ် ကလေးများ ကျောင်းထွက်၍ အလုပ်လုပ်နေကြရသဖြင့် ရွာများ၌ မူလတန်းအောက် ကလေးငယ်များသာ ကျန်ရှိတော့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ၏ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းနေအရွယ် ကလေးငယ် ၁၃ သန်းဝန်းကျင် ရှိသည့်အနက် ၆ ဒသမ ၃ သန်းကျော်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေရကြောင်း သိရသည်။

news-view-count-icon

29