ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ် လေဆိပ်တွင် ယမန်နေ့ က လေယာဉ်စီးနင်းမည့် ခရီးသည်များအား People Surveillance Management System (PSMS) စနစ်ဖြင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးစဉ် လောင်းကစားမှုဖြင့် တရားခံပြေး ဖြစ်နေသူ ဦးဝင်းချို ဆိုသူအား ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသူ ဦးဝင်းချိုမှာ တာချီလိတ် မှ မန္တလေးသို့ ထွက်ခွာရန် ပြင်ဆင်နေစဉ် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ တာချီလိတ်မြို့မ ရဲစခန်း၏ ၂၀၂၄ ခုနှစ် လောင်းကစားဥပဒေ ပုဒ်မ ၁၇(၁) အမှုမှ တရားခံပြေးဖြစ်သဖြင့် ဟောင်လိတ် နယ်မြေရဲစခန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။တာချီလိတ် လေဆိပ်တွင် ဩဂုတ် ၁၂ ရက်နေ့ကလည်း PSMS စနစ်ဖြင့် စစ်ဆေးစဉ် အမျိုးသမီးငယ်တစ်ဦးကို လောင်းကစားမှုဖြင့် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
ရှမ်းပြည်နယ်၊ တာချီလိတ် လေဆိပ်၌ PSMS စနစ်ဖြင့် စစ်ဆေးရာ လောင်းကစားမှုဖြင့် တရားခံပြေးဖြစ်နေသူ တစ်ဦး ဖမ်းဆီးရမိ
Aug 23 • 3:16 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 33 | 0 | 0 | 0 |


