back

အာဆင်နယ် ကွင်းလယ်လူဟောင်း ပါတေး ဆော်ဒီကလပ် အယ်လ်ရှာဘတ်သို့ ပြောင်းရွှေ့

Aug 22 • 1:04 PM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ် ကွင်းလယ်လူဟောင်း ပါတေး ဆော်ဒီကလပ် အယ်လ်ရှာဘတ်သို့ ပြောင်းရွှေ့

အာဆင်နယ် ကွင်းလယ်လူဟောင်း ထောမတ်စ် ပါတေးသည် ဗီလာရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းထံ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ...

အာဆင်နယ် ကွင်းလယ်လူဟောင်း ထောမတ်စ် ပါတေးသည် ဗီလာရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းထံ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့သည်။ အာဆင်နယ်တွင် ၅ နှစ်ကြာ ပြိုင်ပွဲစုံ ၁၆၇ ပွဲ ပါဝင်ကစားပေးခဲ့သူ ပါတေးသည် ပြီးခဲ့သည့်ရာသီက ဗီလာရီးယဲလ်အတွက် ၃၂ ပွဲ ကစားခဲ့သော်လည်း စာချုပ်တိုးခွင့် မရရှိခဲ့ဘဲ အသင်းလက်မဲ့ ဖြစ်နေခဲ့ရာမှ ယခုကဲ့သို့ ဆော်ဒီသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ဗြိတိန်တွင်လည်း မုဒိမ်းမှုစွဲချက်များအတွက် တရားရင်ဆိုင်မှုများ ဆက်လက် ဆောင်ရွက်သွားရမည် ဖြစ်သည်။

news-view-count-icon

16