back

မြန်မာနိုင်ငံမှ ဝယ်ယူလာသည့် ရွှေအထည်များ ရွှေရည်မကိုက်၍ ပြုပြင်ပေးရန် ဂျပန်ရွှေဆိုင်များက ငြင်းပယ်

Aug 22 • 1:01 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

မြန်မာနိုင်ငံမှ ဝယ်ယူလာသည့် ရွှေအထည်များ ရွှေရည်မကိုက်၍ ပြုပြင်ပေးရန် ဂျပန်ရွှေဆိုင်များက ငြင်းပယ်

မြန်မာနိုင်ငံမှ ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ဝယ်ယူလာသော ၁၅ ပဲရည် ရွှေအထည်မှာ ပထမဆုံးအကြိမ် ဝတ်ဆင်စဉ် ပြတ်ကျသွား၍ ဂျပန်နိုင်ငံရှိ ရွှေဆိုင်များတွင် သွားရောက်ပြုပြင်ရ...

မြန်မာနိုင်ငံမှ ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ဝယ်ယူလာသော ၁၅ ပဲရည် ရွှေအထည်မှာ ပထမဆုံးအကြိမ် ဝတ်ဆင်စဉ် ပြတ်ကျသွား၍ ဂျပန်နိုင်ငံရှိ ရွှေဆိုင်များတွင် သွားရောက်ပြုပြင်ရန် ကြိုးပမ်းခဲ့သော်လည်း ရွှေပါဝင်မှုနည်းလွန်းသဖြင့် လက်ခံပြုပြင်ပေးခြင်း မရှိခဲ့ကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားတစ်ဦးက လူမှုကွန်ရက်တွင် မျှဝေထားသည်။ နိုင်ငံတကာတွင် အသုံးပြုသည့် ရွှေအရည်အသွေးများမှာ ပါဝင်မှုမြင့်မားသည့် အမျိုးအစားများကိုသာ စံချိန်စံညွှန်းအဖြစ် သတ်မှတ်ထားခြင်းကြောင့် မြန်မာနိုင်ငံမှ ၁၅ ပဲရည် ရွှေအထည်များကို ဂျပန်အပြင် စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့တွင်ပါ လက်ခံရောင်းဝယ်/ပြုပြင်ရန် အခက်အခဲရှိသော်လည်း မြန်မာ့ရွှေအထည်များ၏ လက်ရာနှင့် ဒီဇိုင်းပိုင်းကိုမူ ဂျပန်ရွှေဆိုင်များက ချီးကျူးခဲ့ကြောင်း သိရသည်။

news-view-count-icon

13