back

ရန်ကုန်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် လေးနာရီကြာ ရေပြတ်တောက်မည်ဖြစ်၍ ရေကြိုတင်စုဆောင်းကြရန် အသိပေး

Aug 22 • 12:56 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်တွင် လေးနာရီကြာ ရေပြတ်တောက်မည်ဖြစ်၍ ရေကြိုတင်စုဆောင်းကြရန် အသိပေး

လှော်ကားရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား သွယ်တန်းထားသည့် တာဝါတိုင်များ၌ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းရေးလုပ်ဆောင်မည်ဖြစ်၍ လာမည့် ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီမှ မ...

လှော်ကားရေတွန်းစက်ရုံသို့ လျှပ်စစ်ဓာတ်အား သွယ်တန်းထားသည့် တာဝါတိုင်များ၌ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းရေးလုပ်ဆောင်မည်ဖြစ်၍ လာမည့် ဩဂုတ်လ ၂၄ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁ နာရီအထိ လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်ပြီး ရေတွန်းစက်ကြီးများ ရပ်နားထားမည်ဖြစ်ရာ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်နှင့် ကမာရွတ် စသည့် မြို့နယ် ၁၆ မြို့နယ်တွင် ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ ရေကြိုတင်စုဆောင်းထားကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေး ထုတ်ပြန်ထားသည်။

news-view-count-icon

22