မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ကျုံးထိပ်ရပ်၊ ဒုဌဝတီမြစ်ကမ်းဘေးရှိ ဘုရားအမှတ်-၄၉၉ သည် ဩဂုတ်လ ၂၂ ရက် နံနက် ၉ နာရီအချိန်ခန့်က ကျုံးရေစိမ့်ကျမှုနှင့် ကမ်းပါးနံရံပဲ့ကျမှုများကြောင့် ပြိုကျလုနီးပါး ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ တံတားဦးမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းကာ ဘုရားပြိုကျမှု မဖြစ်စေရေးအတွက် အရေးပေါ် တုတ်ရိုက်ခြင်း၊ သဲအိတ်ချခြင်း စသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့၌ ဒုဌဝတီမြစ်ကမ်းဘေးရှိ ဘုရားတစ်ဆူ ကမ်းပါးနံရံ ပဲ့ကျမှုကြောင့် ပြိုကျ လုနီးပါး ဖြစ်ပေါ်ခဲ့
Aug 22 • 12:50 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 21 | 0 | 0 | 0 |


