တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စစ်ရေးဆက်ဆံမှုများ ပိုမိုတိုးမြှင့်ရန်နှင့် တွင်းထွက်သယံဇာတ၊ စွမ်းအင်၊ နည်းပညာအပါအဝင် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း ANTARA သတင်းအရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ကာကွယ်ရေးဝန်ကြီး Dong Jun တို့သည် အင်ဒိုနီးရှားနိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံကာ AI၊ ရထားပို့ဆောင်ရေး၊ အစိမ်းရောင်စွမ်းအင်နှင့် ဂြိုဟ်တုနည်းပညာ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် မျှော်မှန်းထားသည့် အင်ဒိုနီးရှားနိုင်ငံအတွင်း ပူးတွဲကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရေး၊ ခဲယမ်းနှင့် ဒုံးကျည်/ဒုံးပျံ ထုတ်လုပ်ရေးနှင့် နည်းပညာလွှဲပြောင်းပေးနိုင်ရေး ကိစ္စရပ်များကိုလည်း နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Aug 22 • 12:25 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


